Saturday, February 27, 2010

အမေ

အမေ့ရဲ့ အသံဟာ
စမ်းရေလို ချိုမြ
အမေ့ရဲ့ မျက်နှာဟာ
လမင်းလို အေးမြ
အမေ့ရဲ့ ရင်ခွင်ဟာ
ဂွမ်းစ လို နူးညံ့
အမေဟာ သမီးကို
လူလောကအလယ်
တင့်တယ်စေဖို့ မွေးဖွား ပေးခဲ့
အမေ့ကို နှလုံးသားနဲ့ ဦးခိုက်
နဖူးတိုက်ပြီး
ရှိခိုးကန်တော့လိုက်ပါတယ် အမေ။

8 comments:

  1. အမေ့ကဗျာလေးဖတ်ပြီးအမေ့ကိုလွမ်းလိုက်တာ

    ReplyDelete
  2. အမေရဲ့  အသံ စမ်းရေလိုချိုမြသလို
    အန်တီမေ အသံလေးလည်း
    ပန်းသီးလေးလို ချိုမြပါစေ
    အမေ့ရဲ့ မျက်နှာ လမင်းလို အေးမြသလို
    အန်တီမေ မျက်နှာလေးလည်း
    ဥရောပရဲ့ ဆောင်းရာသီလို့ 
    အေးမြပါစေဗျာ
    ကျတော့်မေမေကတော့
    ဘယ်ဆီ ဘယ်ရောက် ဘယ်ပျောက်လို့ နေလည်း
    မသိတော့ပါဘူး
    အန်တီမေရယ်
    မေမေ့ကိုလွမ်းမိသွားပြီ

    ReplyDelete
  3. မာတာပိတိဂုဏော အနန္တ

    ReplyDelete
  4. ကဗျာတွေလာဖတ်ပါတယ်ညီမရေ။ညီမပြောမှနာမည်တူ
    ရှိတာသိရပါတယ်။၏..တစ်လုံးတော့ကွာတာပေါ့လေ။
    ဘလော့တွေသိပ်မလည်ဖြစ်တော့မသိပါဘူး၊
    သတိထားရတာပေါ့၊ကျေးဇူးတင်ပါတယ်နော်။
    ခင်မင်စွာဖြင့်
    စိတ်၏ဖြေရာ

    ReplyDelete
  5. ဒီလောကမှာ အမေမရှိလို့ မှမရတာ။ ဘယ်ဘာသာ ဘယ်လူမျိုးမှာမဆိုအမေရှိကြတယ်မဟုတ်လား အမမေခင်၊ အမေ့မေတ္တာတွေကြီးမားလွန်းလို့ ဘယ်လိုအကြီျးာယ်ဆုံးဥပမာနိုင်းယှဉ်ချက်တွေနဲ့ 
    မှ ကဗျာဖွဲ့ လို့ အမေ့ဂုဏ်တွေကိုမီပါဘူးမဟုတ်လားမမေခင်။
    အမေကို ဒါမဟုတ် အမေ့လိုလူကိုသတ်တဲ့သူဘယ်ကိုသွားကြမလဲ
    အမမေခင်။

    ReplyDelete
  6. အမေဆိုတာကောင်းကင်ကလမင်းကြီးလိုပဲမမေခင်ရေ..
    လရောင်မရှိရင်သိပ်သိသာတာပဲ..ချစ်စရာကောင်းတဲ့
    ကဗျာလေးကိုဖတ်ရင်း..မမေခင်နဲ့တူတူ အမေတိုင်းကို
    နှလုံးသားနဲ့ဦးတိုက်ပြီးကန်တော့လိုက်ပါတယ်

    ReplyDelete
  7. အမေဂုဏ်ရည်ကို ဖွဲ့လို့မကုန်အောင် ကြီးမားပါတယ်။ တထောင့်တနေရာကနေ ဖော်ပြပေးထားတာ နှစ်သက်စရာကောင်းပါတယ်။ အမေလို စိတ်ထား တတ်ကြပါစေ

    ReplyDelete
  8. ဟုတ်မမမေရေ
    မျက်ရည်နဲ့ ဖတ်သွားခဲ့တယ်

    ReplyDelete