Monday, November 30, 2009

မြန်မာ့ ယဉ်ကျေးမှု

ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုး
ဂုဏ်မညှိုး
တိုးတက်အောင်
သူ့ တိုင်းပြည်
ယဉ်ကျေးမှု
တုပမှုရှောင်
ကိုယ်လူမျိုး
ကိုယ့်ပြည်ထောင်
ညီညွတ်အောင်ဝတ်စား
မျိုးမြန်မာ
ဂုဏ်ရည်တိုးအောင်
ကြိုးဋ္ဌကတအား။

ညတည

မဟူရာ
ဆံနွယ်တွေကို ဖြီးသင်ပြီး
အံ့မခန်း လရောင်က လွှမ်းလို့ပေါ့
ကမ္ဘာမြေကို ဖိုးရွှေ လမင်းက
အေးမြတဲ့ ငွေရောင်တွေ ပေးလိုက်တယ်။

ပန်းတွေကိုချော့သိပ်
ပန်းရနံ့ ကို သယ်ဆောင်တဲ့
လေပြေလေညှင်းလေးက
ဟိုး
အဝေးကို ထွက်ခွာရင်း
ကျမကို လက်ပြနှုတ်ဆက် သွားတယ်။

အချစ် ရဲ့ အစ

တယောက်ကို တစ်ယောက်
ဖေါက်ထွင်းပြီးသိနေသလို
အဋ္ဌကည့်ချင်းဆုံ
ရင်ခုန်သွေးတက်
ရှက်သွေးဖျန်းပါးပြင်
နှင်းဆီနီရဲလိုဖြစ်
အချစ်ဆိုတာ
ဒီလိုက စတယ်လား
ခင် သိချင်လှတယ်။

အလိုအပ်ဆုံးအရာ

လိုအပ်သောအရာ
လိုက်ရှာကြည့်တယ်
ငွေနဲ့ဝယ်မလား
ရွှေနဲ့လဲမလား
စိန်နဲ့ ဆွတ်မလား
မရနိုင်ဘူး

အမြတ်နိုးဆုံး
အတွယ်တာဆုံး
သိမ်းကာထား
ှနှလုံးသားမှာ
ယိုစိမ့်ကျလာ
ကဗျာတပုဒ်သာ
အလိုအပ်ဆုံးအရာ။