Monday, November 30, 2009

ညတည

မဟူရာ
ဆံနွယ်တွေကို ဖြီးသင်ပြီး
အံ့မခန်း လရောင်က လွှမ်းလို့ပေါ့
ကမ္ဘာမြေကို ဖိုးရွှေ လမင်းက
အေးမြတဲ့ ငွေရောင်တွေ ပေးလိုက်တယ်။

ပန်းတွေကိုချော့သိပ်
ပန်းရနံ့ ကို သယ်ဆောင်တဲ့
လေပြေလေညှင်းလေးက
ဟိုး
အဝေးကို ထွက်ခွာရင်း
ကျမကို လက်ပြနှုတ်ဆက် သွားတယ်။

2 comments:

  1. ကျတော့်ကိုကျတော့ နုတ်ဆက်မသွားပါလား
    ဒေါ်မေခင်ရယ်
    ပန်းရနံ့ ကိုသယ်ဆောင်လာတဲ့
    လေပြေလေညှင်းလေးက
    ကျတော့်ပါးလေးကို
    ဖြေးဖြေးချင်းနမ်းလို့ 

    ReplyDelete
  2. ပန်းရနံ့နဲ့လေပြေလေးခံစားသွားတယ်ညီမလေးရေ။
    ငပေါများဂေဟာမှာအမမရေးဘူးပါ။နံမည်တူဖြစ်မယ်ထင်ပါ
    တယ်နော်။

    ReplyDelete