Saturday, February 27, 2010

အမေ

အမေ့ရဲ့ အသံဟာ
စမ်းရေလို ချိုမြ
အမေ့ရဲ့ မျက်နှာဟာ
လမင်းလို အေးမြ
အမေ့ရဲ့ ရင်ခွင်ဟာ
ဂွမ်းစ လို နူးညံ့
အမေဟာ သမီးကို
လူလောကအလယ်
တင့်တယ်စေဖို့ မွေးဖွား ပေးခဲ့
အမေ့ကို နှလုံးသားနဲ့ ဦးခိုက်
နဖူးတိုက်ပြီး
ရှိခိုးကန်တော့လိုက်ပါတယ် အမေ။